Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 3 — Surah Al-Mujadila 58:3

သူတို့၏အမျိုးသမီးများကို သူတို့အတွက် (ရှေးခေတ်မိရိုးဖလာတုံးစံအတိုင်း) တရားမဝင်ဖြစ်စေရန် “အသင်မက ကျွန်ုပ်အတွက် ကျွန်ုပ်မိခင်၏ကျောကုန်းဖြစ်ပါစေ။” ဟု (စက်ဆုပ်ဖွယ်ရာ ထုတ်ဖော်ချက်ကို) တရားဝင်ထုတ်ဖော်ကြေညာသူတို့သည် ထိုထုတ်ဖော်ချက်ကို ရုပ်သိမ်း၍ (သူမတို့နှင့်ပြန် လည်ချဉ်းလိုလျှင်) တစ်ဦးကိုတစ်ဦး အပြန်အလှန် မထိတွေ့ကြမီ ကျွန်တစ်ဦးအား ကျွန်ဘဝမှ လွတ်မြောက်စေရမည်။ သင်တို့သည် ယင်းနှင့်စပ်လျဉ်း ထိုနည်းအတိုင်းပင် ဆုံးမသွန်သင်ခြင်းခံကြရ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူ၏။