Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Mujadila 58:4

သို့ရာတွင် မည်သူမဆို (ကျွန်တစ်ဦးအား ကျွန်ဘဝမှ လွတ်မြောက်စေနိုင်သည့် နည်းလမ်းတစ်စုံတစ်ရာ) ရှာမတွေ့လျှင် တစ်ဦးကိုတစ်ဦး အပြန်အလှန် မထိတွေ့ကြမီ နှစ်လတိုင်တိုင် တစ်ဆက်တည်း ဆွိယာမ်ဥပုသ်သီလဆောက်တည်ရပေမည်။ သို့သော် မည်သူမဆို (ဆွိယာမ်ဥပုသ်သီလဆောက်တည်ခြင်းကိုလည်း) မတတ်စွမ်းနိုင်လျှင် (သူ့အတွက် အာပတ်ဖြေပြစ်ဒဏ်မှာ ကိုခိုးရာမဲ့ဘဝရောက်နေသော) ဆင်းရဲချို့တဲ့သူ အယောက် ခြောက်ဆယ်အား (တစ်ဦးကိုတစ်ဦး အပြန်အလှန် မထိတွေ့ကြမီ ထမင်းနှစ်နပ်) ကျွေးမွေးရပေမည်။ ထိုသို့ အမိန့်ပညတ်ကို ပြဋ္ဌာန်းတော်မူခြင်းသည်ကား သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်၊ ရစူလ်တမန်တော်မြတ်အား အပြည့်အဝ ယုံကြည်ကြ (ပြီး အရှင့်အမိန့်တော်များနှင့်အညီ ဘဝဆောက်တည်နိုင်) ရန်အတွက်ပင် ဖြစ်၏။ ထို့ပြင် ဤသည်တို့သည်ကား အလ္လာဟ်အရှင်မြတ်၏စည်းဘောင် ကန့်သတ်ချက်များပင် ဖြစ်၏။ (ယင်းစည်းဘောင်များကို ကျူးလွန်ချိုးဖောက်ကြသည့်) မယုံကြည်သွေဖည် ငြင်းပယ်ကြသောသူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် ရှိပေ၏။