Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 58 - Al-Mujadila
Translation by Alin U Yin — Permalink
Verse 5 — Surah Al-Mujadila 58:5
ဧကန်စင်စစ်၊ (အရှင်မြတ်သတ်မှတ်တော်မူသည့် စည်းဘောင်များအား စောင့်ထိန်းရာတွင်) အလ္လာဟ်အ အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ပုန်ကန်သူတို့သည် သူတို့မတိုင် မီက (ထိုသို့လုပ်ခြင်းကြောင့်) အရှက်ကွဲသေးသိမ်စေလျက် အညွန့်ချိုးခံကြရသကဲ့သို့ (ဤလောကီဘဝ၌ပင်) အရှက်ကွဲသေးသိမ်စေလျက် အညွန့်ချိုးခံကြရလိမ့်မည်။ အမှန်စင်စစ်၊ ငါအရှင်မြတ်သည် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌ အေးချမ်းပျော်ရွှင်နိုင်မည့် လမ်းညွှန်အတွက်) ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော အထောက်အထားများနှင့်ရှင်းလင်းချက်များပါဝင်သည့် အာယသ်သက်သေလက္ခဏာတော်များကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ဖြစ်၏။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သောသူ) တို့အတွက် အသရေပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိနေ၏။