Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Mujadila 58:7

(အို၊ ရစူလ်တမန်တော်၊) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ ၌ရှိသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူကြောင်း အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ ထိုအရှင် မြတ်သည် စတုတ္တမြောက်ဖြစ်နေတော်မူခြင်းမှအပ လူသုံးဦးက လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်း သည်လည်းကောင်း၊ ထိုအရှင်မြတ်သည် ဆဋ္ဌမမြောက်ဖြစ်နေတော်မူခြင်းမှအပ လူငါးဦးက လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်းသည်လည်းကောင်း၊ အလျှင်း ဖြစ်နိုင်စရာအကြောင်းမရှိပေ။ ထို့ပြင် ထိုထက်မက သေးငယ်အုပ်စုကဖြစ်စေ၊ ထိုထက်များပြားသောအုပ်ဖြစ်စေ၊ မည်သည့်နေရာတွင် မည်သို့ပင် လျှို့ဝှက် တိုင်ပင်ဆွေးနွေးသည်ဖြစ်စေ၊ ထိုအရှင်မြတ်သည် သူတို့နှင့်အတူ ရှိနေတော်မူ၏။ ထို့နောက် ရှင်ပြန်ထမည့်နေ့တွင် ထိုအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံခဲ့သမျှ အသေးစိတ်အချက်အလက်နှင့်စပ်လျဉ်း၍ သူတို့အား အကြောင်းကြား အသိပေးတော်မူမည် ဖြစ်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။