Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 8 — Surah Al-Mujadila 58:8

(အို၊ ရစူလ်တမန်တော်) ထိုသူတို့သည် လျှို့ဝှက်တိုင်ပင် ဆွေးနွေးခြင်းမပြုရန် တားမြစ်ခြင်းခံခဲ့ရပြီး နောက်တွင်မှ ထပ်မံ၍ တားမြစ်ခဲ့သော (အရက်သေစာသောက်စားခြင်း လောင်းကစားခြင်းနှင့် ဝတ်ပြုမှုကို ရှောင်ကြဉ်ခြင်းစသည့်) မကောင်းမှုအကုသိုလ်များကို ကျူးလွန်နိုင်ရန် လျှို့ဝှက်ကြံစည်လျက် ဒုံးရင်းအခြေ အနေသို့ ပြန်ရောက်ခဲ့ကြသူများကိုလည်းကောင်း၊ ရစူလ်တမန်တော် (၏အမိန့်တော် များနှင့်တား မြစ်ချက်များ) ကို အာခံဖီဆန်၍ ကျူးကျော်ရန်စ (မှုအတွက် တစ်ဦးကိုတစ်ဦး တိုက်တွန်း နှိုးဆော်ကြ) သူများကိုလည်းကောင်း၊ အသင် မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ ထို့ပြင် ထိုသူတို့သည် အသင့်ထံသို့ လာကြသောအခါ အလ္လာဟ်အရှင်မြတ်က အသင့်အား မည်သည့်အခါမျှ ညွှန်ကြားတော်မမူသည့် မေတ္တာပို့ နှုတ်ဆက်နည်းမျိုးဖြင့် မေတ္တာပို့နှုတ်ခွန်းဆက်ကြသည့်အပြင် သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီ ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (မုဟမ္မဒ်သည် အမှန်ပင် တမန်တော် ဖြစ်သလော"" ဟု တွေး၍ တစ်ဦးကိုတစ်ဦး လှောင်ပြောင်သည့်အနေဖြင့်) “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ပြော ဆိုမှုကြောင့် ကျွန်ုပ်တို့အား အဘယ်ကြောင့် ပြစ်ဒဏ်ပေးတော်မမူသနည်း။” ဟု ပြောဆိုကြ၏။ ငရဲဘုံသည် သူတို့အတွက် လုံလောက်ပြီး သူတို့သည် ယင်း (ငရဲဘုံ) ထဲတွင် လောင်ကျွမ်းစေရန် ဝင်ရောက်ကြရပေမည်။ စင်စစ်သော်ကား ယင်း (ငရဲဘုံ) သည် အလွန်ပင် ယုတ်ညံ့ ဆိုးရွားလှသော နောက်ဆုံးပန်း တိုင် (ပြန်လည်ရာစခန်း) ဖြစ်၏။