Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Mujadila 58:9

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် လျှို့ဝှက်တိုင်ပင်ဆွေးနွေးကြသောအခါ (တားမြစ်ထားတော်မူသော အရက်သေစာသောက်စားခြင်း၊ လောင်းကစားခြင်းနှင့်ဝတ်ပြုမှုကိုရှောင်ကြဉ်ခြင်း စသည့်) မကောင်းမှုအကုသိုလ်များကို ကျူးလွန်နိုင်ရန်လည်းကောင်း ရစူလ်တမန်တော် (၏အမိန့်တော်များနှင့်တားမြစ်ချက်များ) ကို အာခံဖီဆန်၍ ကျူးကျော်ရန်စနိုင်ရန်လည်းကောင်း၊ လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်း မပြုကြလေနှင့်။ သို့ရာတွင် သင်တို့သည် သမာဓိရှိသော ဖြောင့်မတ်မှန်ကန်သော ကောင်းမှုကုသိုလ်များကို ပြုလုပ်နိုင်ရန်နှင့်တက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) အတွက်သာ လျှို့ဝှက်တိုင်ပင်ဆွေးနွေးကြလော့။ ထို့ပြင် သင်တို့အားလုံးသည် ထိုအရှင်မြတ်ထံသို့ပင် ပြန်လည် စုရုံးစေတော်မူမည့် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။