Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Hashr 59:1

မိုးကောင်းကင်များ၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း ကမ္ဘာဂြိုဟ်၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်၊း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သောအရှင် ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။