Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 11 — Surah Al-Hashr 59:11

(အို၊ ရစူလ်တမန်တော်) အသင်သည် အယောင်ဆောင်သီလကြောင်ကြသောသူတို့က ကျမ်းရပုဂ္ဂိုလ်များအနက်မှ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များ ဖြစ်ကြသော သူတို့၏ညီနောင်တို့အား ”အကယ်၍သာ သင်တို့သည် (မဒီနာမြို့တော်မှ) အမှန်ပင် နှင်ထုတ်ခြင်းခံကြရလျှင် ဧကန်မလွဲ၊ ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ ထွက်ခွာသွားကြမည်။ စင်စစ် ကျွန်ုပ်တို့သည် သင်တို့နှင့်ဆန့်ကျင်၍ မည်သည့် အခါမျှပင် မည်သူတစ်ဦးတစ်ယောက် (၏ ပြောဆိုချက်) ကိုမျှ လိုက်နာကြသည် မဟုတ်ပေ။ ထို့ပြင် အကယ် ၍ သင်တို့သည် တိုက်ခိုက်ခြင်းခံခဲ့ကြရလျှင်လည်း ကျွန်ုပ်တို့သည် သင်တို့အား ဧကန်မုချ၊ ကူညီကြမည်။” ဟု ပြေဆိုနေကြသည်ကို မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့က အမှန်ပင် (လိမ်ညာလှည့်စားနေကြသော) မုသာဝါဒီများဖြစ်ကြောင်း သက်သေခံတော်မူ၏။