Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 59 - Al-Hashr
Translation by Alin U Yin — Permalink
Verse 12 — Surah Al-Hashr 59:12
(စင်စစ်မူကား) အကယ်၍ (မယုံကြည်သူများဖြစ်ကြသော) သူတို့သည် (မဒီနာမြို့တော်မှ) အမှန်ပင် နှင်ထုတ်ခြင်းခံကြရလျှင် (သီလကြောင်များဖြစ်ကြသော) သူတို့က ထိုသူတို့နှင့်အတူ အလျှင်း ထွက်ခွာသွား ကြမည် မဟုတ်ပေ။ ထို့ပြင် အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံကြရလျှင်လည်း (သီလကြောင်များဖြစ်ကြသော) သူတို့က ထိုသူတို့အား မည်သည့်အခါမျှ ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ သူတို့သည် ထိုသူတို့အား ကူညီထောက်ပံ့ခဲ့သော်ငြားလည်း (နောက်ဆုံးတွင်မူ) သူတို့သည် ကျောခိုင်း၍ ဧကန်မုချ၊ ထွက်ပြေးကြမည်သာ ဖြစ်၏။ ထို့နောက် ထိုသူတို့သည် (အခြားမည်သည့်နေရာကမျှ အကူအညီအထောက်အပံ့ ရရှိကြမည် မဟုတ် (ဘဲ ယုံကြည်သူတို့အား သစ္စာဖောက်မှုကြောင့် ပျက်စီးကိန်း မှလွဲ၍ အခြားမရှိ) ပေ။