Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 14 — Surah Al-Hashr 59:14

(ထိုကျမ်းရပုဂ္ဂိုလ်များအနက်မှ ယုံကြည်သူတို့အား သစ္စာဖောက်ခဲ့ကြသောသူများ အယောင်ဆောင်၊ သီလကြောင်များနှင့်အခြားသောမဟာမိတ်များဖြစ်ကြသော) သူတို့သည် အသင် (ယုံကြည်သူ) တို့အား သူတို့ နေထိုင်ရာမြို့တွင်းရှိ အမာခံ၊ ခံတပ်များမှအပ သို့တည်းမဟုတ် အုတ်တံတိုင်းနောက်ကွယ်မှအပ မည်သည့်အခါမျှ တစ်စည်းတစ်လုံးတည်း လာရောက် တိုက်ခိုက်ကြမည် မဟုတ်ပေ။ (သင်တို့နှင့်ဆန့်ကျင်၍ မဟာမိတ်များ မဖွဲ့ခဲ့ကြမီ) သူတို့ အချင်းချင်းကြားတွင်ရှိခဲ့သော ရန်လိုအကြမ်းဖက်မှုသည် ပိုမို၍ပင် ပြင်းထန်ခဲ့၏။ အသင် (တမန်တော်) သည် သူတို့အား တစ်စည်းတစ်လုံးတည်း ညွှန့်ပေါင်းဖြစ်နေကြသည်"" ဟု ထင်မှတ်နေသော်လည်း အမှန်စင်စစ် သူတို့၏စိတ်နှလုံးမှာမူကား သဘောထားကွဲလျက် တကွဲတပြားစီဖြစ်နေကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် (ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေအပေါ် ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်ခြင်းမပြုကြသောလူမျိုး ဖြစ်သောကြောင့်ပင် ဖြစ်၏။