Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 16 — Surah Al-Hashr 59:16

(ထို့ပြင် ထိုအယောင်ဆောင်သီလကြောင်တို့၏ဥပမာသည်ကား) လူသားအား “သင်သည် (အရှင်မြတ် ကျမ်းတော်နှင့်တမန်တော်တို့ကို) မယုံကြည်ဖီဆန်ငြင်းပယ်လော့။” ဟု တိုက်တွန်းပြောဆိုပြီး လူသားက မယုံကြည်ဖီဆန်ငြင်းပယ်လာသောအခါ “ကျွန်ုပ်သည် အသင့်အရေးကိစ္စမှ လုံးဝ ကင်းရှင်းလျက် အသင်နှင့်မည်သို့မျှ မပတ်သက်ပေ။ (ထိုသို့ပတ်သက်လျှင်) ဧကန်ပင်၊ ကျွန်ုပ်သည် စကြဝဠာလောခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ် (က ကျွန်ုပ်အား အရေးယူမည်) ကို ကြောက်ရွံ့ပါ၏။” ဟု ပြောဆိုလေ့ရှိသော စေတန်မကောင်းဆိုးဝါးကဲ့သို့ပင် ဖြစ်၏ ။