Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Hashr 59:19

ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိမမူ မေ့လျော့ခဲ့ကြသောကြောင့် ထိုအရှင်မြတ်က လည်း သူတို့အား သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့ကိုယ်တိုင် သတိမမူဘဲ၊ မေ့ပစ်စေတော်မူခဲ့ကြသော သူတို့ကဲ့သို့ မဖြစ်ကြလေနှင့်။ ထိုသူတို့သည်ပင် အမိန့်တော်များနှင့်စည်းဘောင်များကို ပြောင်ပြောင်တင်းတင်း အာခံဖီဆန်သော (ယုတ်မာ) သူများ ဖြစ်ကြ၏။