Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 59 - Al-Hashr
Translation by Alin U Yin — Permalink
Verse 2 — Surah Al-Hashr 59:2
ထိုအရှင်မြတ်သည်ပင် ရှေးကျမ်းရပုဂ္ဂိုလ်များအနက်မှ မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား ပထမဦးဆုံးအကြိမ် (သာဓကအဖြစ် တစ်စည်းတစ်လုံးတည်း) စုရုံးစေတော်မူလျက် သူတို့၏နေအိမ်များ (ခိုင်မာသောခံတပ်များ) မှ နှင်ထုတ်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သင်တို့သည် သူတို့က (ထိုသို့ အလွယ်တကူ) ထွက်သွားကြလိမ့်မည်ဟု မျှော်လင့်ထင်မြင်ခဲ့ကြသည် မဟုတ်ပေ။ သူတို့ကိုယ်တိုင်သည်လည်း ""သူတို့၏အမာခံခံတပ်များသည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ သူတို့ကို အကာအကွယ်ပေးခဲ့လိမ့်မည်"" ဟု တွေးတောထင်မြင်ခဲ့ကြ၏။ သို့ရာတွင် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်အရ) အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူမှု) သည် သူတို့က မည်သည့်အခါမျှ မထင်မြင် မမျှော်လင့်ခဲ့ကြသည့်နေရာများမှ ရောက်ရှိလာခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများထဲတွင် ကြောက်ရွံ့ချောက်ချားမှုများ ထင်ဟပ်စေတော်မူခဲ့ရာ သူတို့သည် (သူတို့၏လူတို့အား) သူတို့၏လက်ချက်ဖြင့်လည်းကောင်း၊ ယုံကြည်သူတို့၏လက်ချက်ဖြင့်လည်ကောင်း၊ သူတို့၏နေအိမ်များမှ ခေါ်ထုတ်စေလျက် ပျက်စီးကိန်းရောက်စေခဲ့ကြ၏။ သို့ဖြစ်ပေရာ အို၊ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသောပညာရှင်အပေါင်းတို့၊ သင်တို့သည် (ထိုဖြစ်ရပ်မှ) သင်ခန်းစာယူကြလော့။