Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 22 — Surah Al-Hashr 59:22

ထိုအရှင်မြတ်သည် (သက်ရှိသက်မဲ့အားလုံးကို ဖြစ်တည်စေတော်မူပြီး လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များကိုလည်း ဖွံဖြိုးစေတော်မူသောအရှင်ဖြစ်တော်မူ၍ မည်သည့်အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်) ထိုအရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည် (လူသားတို့ ၏မျက်စိမှ ကွယ်နေသော) မျက်ကွယ်ရာများနှင့် (မျက်မြင်တွေ့ရှိကြသော) အထင်အရှားတွေ့ရသော အရာအားလုံးကို အကြွင်းမဲ့သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် ထိုအရှင်သည်) အရာခပ်သိမ်းအပေါ် အစဉ် ကရုဏာထားတော်မူသော အနန္တကရုဏာရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် (ဖြစ်တော်မူ၏။)