Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 23 — Surah Al-Hashr 59:23

ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြား (ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည် အချုပ်အခြာအာဏာ အလုံးစုံကိုပိုင်ဆိုင်တော်မူသောအရှင်၊ စင်ကြယ်သန့်ရှင်း၍ အပြစ်အနာအဆာဟူသမျှမှ ပကတိ ကင်းရှင်းတော်မူသောအရှင်၊ ငြိမ်းချမ်းသာယာမှုနှင့်ကယ်တင်လွတ်မြောက်မှုအလုံးစုံကို ပေးအပ်တော်မူသောအရှင်၊ ယုံကြည်မှုချီးမြှင့်တော် မူ၍ သံသယများကို ဖယ်ရှားပေးတော်မူလျက် ဘေးကင်းလုံခြုံမှုနှင့်လုံခြုံမှုအမာခံချက်ပေးအပ်တော်မူသော အရှင်၊ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်တော်မူသောအရှင်၊ အနှိုင်းမဲ့ ဘုန်းတန်ခိုးတော်ကို ပိုင်ဆိုင်ထားတော်မူလျက် သြဇာအာဏာလွှမ်းမိုးတော်မူသောအရှင်၊ ကြီးကဲမြင့်မြတ်တော်မူ၍ ခန့်ညားထည်ဝါမှုနှင့်ကျက်သရေအလုံးစုံကို ပေစွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူပြီး လူသားတို့ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက်) သူတို့တွဲဖက် တုပြိုင်၍ ကိုးကွယ်နေကြသော အရာအားလုံးထက် မြင့်မြတ်တော်မူသည့်အပြင် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။