Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 59 - Al-Hashr
Translation by Alin U Yin — Permalink
Verse 24 — Surah Al-Hashr 59:24
အလ္လာဟ်အရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ သွင်ပြင် လက္ခဏာနှင့်ပုံပန်းသဏ္ဌာန်ဟူသမျှကို ပုံဖော်စေတော်မူ၍ အကောင်အထည်ဖော်စေတော်မူသောအရှင် ဖြစ်တော်မူပြီး ထိုအရှင်မြတ်၌ အကောင်းမြတ်ဆုံးနှင့်အပြီးပြည့်စုံဆုံး ဂုဏ်တော်နာမတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသည့်အပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့သည်လည်း (ထိုအရှင်မြတ်၏ စည်းမျဥ်းနိယာမတော်များနှင့်အညီ ရပ်တည်နေခြင်းဖြင့် ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းရှင်းတော်မူ၍ အနှိုင်းမဲ့ အရှင်ဖြစ်တော်မူလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ် လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။