Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Hashr 59:4

ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို (အရှင့်အမိန့်တော်များနှင့်ဆန့်ကျင်၍) အာခံဖီဆန်သောကြောင့်ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်ကြလျှင် (လူတိုင်းသိသင့်သည်မှာ) မုချဧကန် ထိုအရှင်မြတ်သည် ပြင်းထန်စွာဒဏ်ခတ် အရေးယူတော်မူသော အရှင်ဖြစ်တော်မူ၏။