Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 6 — Surah Al-Hashr 59:6

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ် (စစ်မတိုက်ရဘဲ စစ်ဆင်ရေးမှ) သိမ်းဆည်းရရှိသောပစ္စည်းဟူသမျှကို ချီးမြှင့်မှုအဖြစ် ပေးအပ်တော်မူ၏။ ယင်းတို့အနက်မှ စစ်မြင်းများနှင့်စီနင်းစရာကုလားအုတ်များကို ယင်း (စစ်ဆင်ရေး) အတွက် အသင် (တမန်တော်) က တာဝန်ပေး စေ့ဆော်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များမှအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ အပေါ်ဝယ် (ထိုသို့ပင်) လွှမ်းမိုးမှုအခွင့်အာဏာ ချီးမြှင့်အပ်နှင်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။