Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Hashr 59:7

အလ္လာဟ်အရှင်မြတ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ် ထိုမြို့ရွာ၏ဒေသခံများ ထံမှ (စစ်မတိုက်စရာမလိုဘဲ ကတိပဋိဉာဥ်ချိုးဖောက်မှုကြောင့်) သိမ်းဆည်းရရှိသောပစ္စည်းဟူသမျှကို ချီးမြှင့်မှုအဖြစ် ပေးအပ်တော်မူခဲ့ဖြစ်ရာ (ယင်းတို့အနက်မှ ငါးပုံတစ်ပုံကို) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်အတွက်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) နီးစပ်သောဆွေမျိုးရင်းချာများအတွက်လည်းကောင်း၊ မိဘမဲ့များ ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးသူများနှင့်ခရီးသည်တို့အတွက်လည်းကောင်း၊ ဖြစ်စေတော်မူခြင်းသည် ဥစ္စာဓနကြွယ်ဝချမ်းသာမှုက အစဥ်အမြဲ ကြွယ်ဝချမ်းသာသောလူတန်းစားများကြားတွင်သာ လည်ပတ်မနေ (ဘဲ ဆင်းရဲချမ်းသာကွာဟမှုကို ချိန်ညှိပေးနိုင်) ရန်ပင် ဖြစ်၏။ ထို့ပြင် သင်တို့သည် သင်တို့အား ရစူလ်တမန်တော် မြတ်က ပေးခဲ့သမျှကို လိုလိုလားလား လက်ခံရယူကြလော့။ အလားတူ ရစူလ်တမန်တော်မြတ်က တားမြစ်သည့်အရာဟူသမျှမှလည်း ရှောင်ကြဉ်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ ထိုအရှင်မြတ်သည် ပြင်းထန်စွာဒဏ်ခတ် အရေးယူတော်မူသော အရှင်ဖြစ်တော်မူ၏။