Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 59 - Al-Hashr
Translation by Alin U Yin — Permalink
Verse 8 — Surah Al-Hashr 59:8
(ထို့ပြင် ထိုသိမ်းဆည်းရမိသောပစ္စည်းများသည် မက္ကာမြို့နေ မယုံကြည်သူတို့၏ဖိနှိပ်မှုကြောင့်) သူတို့၏အိုးအိမ်စည်းများနှင့်ပိုင်ဆိုင်မှုများမှ နှင်ထုတ်ခြင်းခံကြရပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များနှင့်ကျေနပ်နှစ်မြို့မှုကို ရှာဖွေဆည်းပူးကြလျက် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်အား ကူညီကြသူများလည်းဖြစ်၊ နေရပ်စွန့်၍ (မဒီနာမြို့သို့) ရွှေ့ပြောင်းနေထိုင်ကြသော ဆင်းရဲနွမ်းပါးသည့် (မုဟာဂျီရီန်) သာဝကကြီးများအတွက်လည်း ဖြစ်၏။ ထိုသူတို့သည်ကား ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသော သစ္စာဝါဒီများပင် ဖြစ်ကြ၏။