Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Hashr 59:9

နေရပ်စွန့်၍ ရွှေ့ပြောင်းနေထိုင်လာသူ (သာဝကြီး) များ သူတို့ထံသို့ မရောက်လာမီကပင် သူတို့အခြေချ နေထိုင်ရာ (မဒီနာမြို့) ကို အစ္စလာမ်နှင့်ယုံကြည်မှုအတွက် ခိုလှုံရာအိမ် (ဒါရွလ်အစ္စလာမ်) အဖြစ်ပြင်ဆင်ထား ကြရုံသာမက သူတို့ထံ ရောက်လာကြသည့် ရွှေ့ပြောင်းနေထိုင်သူ (သာဝကြီး) များကိုလည်း (အရှင့်ကျေ နပ်နှစ်မြို့မှုအလို့ငှာ) ချစ်မြတ်နိုးကြသည့်အပြင် သူတို့ကိုယ်တိုင် ချို့တဲ့ဆင်းရဲကြသော်ငြားလည်း သူတို့အား (အရှင်မြတ်ထံတော်မှ) ချီးမြှင့်ပေးအပ်တော်မူခြင်းခံရသောအရာများမှ သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များထက် (အခြားသူတို့အား) ပေးကမ်းခြင်းကို ပိုမို၍ ဦးစားပေးလျက် သူတို့၏နှလုံးသား များတွင်လည်း မည်သည့် လိုလားတောင့်တမှုမျှ မရှိကြပေ။ စင်စစ်သော်ကား မည်သူမဆို သူ၏နဖ်စ်အား မတော်လောဘ (အလိုရမ္မက်နှင့်စေးနှဲခြင်း) မှ ထိန်းချုပ်ကာကွယ်နိုင်လျှင် ထိုသူတို့သည် ပေါက်မြောက်အောင် မြင်သူများပင် ဖြစ်ကြပေသည်။