Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Anam 6:1
အလုံးစုံသော ချီးကျူးချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော (ယင်းတို့၏လှည့်ပတ်လှုပ်ရှားမှုများနှင့်အတူ) အမှောင်နှင့်အလင်းတို့ကို စီမံဖြစ်ပေါ်စေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ (အရှင်မြတ်မှလွဲ၍ မည်သူမျှ ယင်းတို့၏ဖွဲ့စည်းမှုများနှင့်ထိုအပြောင်းအလဲများကို ဖြစ်ပေါ်စေခြင်း မဟုတ်ကြောင်း သိနားလည်ပြီးနောက်) မယုံကြည်သူများ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစု ပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အတူ (သူတို့ကြံစည်ဖန်တီးထားသော) အခြားကိုးကွယ်ရာများကို တန်းတူထားလျက် တုပြိုင်လိုကြ၏။