Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 101 — Surah Al-Anam 6:101

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏မူလအစကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော ငါအရှင်မြတ်၌ အရှင့်တွဲဖော်တွဲဖက်ကြင်ယာတော် လုံးဝ ကင်းစင်တော်မူပါလျက် အရှင့်အတွက် မည်သို့ (အဘယ်ကြောင့်) သားသမီးများကို ကြံစည်ဖန်တီး၍ ကိုးကွယ်ကြသနည်း။ ထိုအရှင်သည် အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင် ဖြစ်ရုံသာမက အရာခပ်သိမ်းတို့၏လှုပ်ရှားမှုအလုံးစုံကိုလည်း အကြွင်းမဲ့ သိနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။