Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 102 — Surah Al-Anam 6:102

ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ် (သည့် ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်) တော်မူ၏။ ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင် အလျှင်း မရှိပေ။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်ဖြစ်သောကြောင့် ထိုအရှင်မြတ်တစ်ပါးတည်းကိုသာလျှင် နာခံကိုးကွယ်ကြလော့။ ထိုအရှင်မြတ်သည် ခပ်သိမ်းကုန်တို့အား (အရှင့်စည်းမျဉ်းနိယာမတော်များဖြင့်) စီမံထိန်းချုပ်နိုင်စွမ်းရှိတော်မူပြီး အားလုံး၏အုပ်ထိန်းသူနှင့်ထိန်းသိမ်းစောင့်ရှောက်သူ အစစ်အမှန် ဖြစ်တော်မူ၏။