Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 104 — Surah Al-Anam 6:104

သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ထိုးထွင်း သိမြင်နိုင်စွမ်းရှိသော အမြော်အမြင်တော် (ကုရ်အာန်) သည် သင်တို့ထံ ရောက်ခဲ့ပြီးဖြစ်၍ မည်သူမဆို ဉာဏ်အမြော်အမြင်ကို (အမှန်တရားအား မြင်နိုင်ရန် ရည်ရွယ်၍) အသုံးချလျှင် ထိုသူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အတွက်ပင် ဖြစ်၏။ ထို့ပြင် မည်သူမဆို ဉာဏ်အမြော်အမြင်ကို အမှောင်ချ၍ မြင်နိုင်စွမ်းမရှိလျှင်လည်း ထိုနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) အပေါ်မှာသာ မူတည်၏။ (အရှင့်စည်းမျဉ်းတော်နှင့်အညီ နဖ်စ်ကို အသုံးချပါ။ မြင်နိုင်စွမ်းရှိပြီး စိတ်အလိုရမ္မက်နောက်လိုက်သူမှာ မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။ အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် သင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူခြင်း ခံရသူမဟုတ်ပါ။” ဟု ဟောလော့။