Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 108 — Surah Al-Anam 6:108
အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဟစ်ခေါ်တမ်းတ၍ ကိုးကွယ်နေကြသော သူတို့၏အခြားသော ကိုးကွယ်ရာများကို ပုတ်ခတ်ပြောဆို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလေနှင့်။ ထိုသို့ ပုတ်ခတ်ပြောဆိုကြလျှင် သူတို့သည် နားလည်မှု အသိတရားကင်းမဲ့ကြလျက် အလ္လာဟ်အရှင်မြတ်ကိုလည်း (ထိုသို့ပင်) ရန်မူသည့်သဘောဖြင့် ပုတ်ခတ်ပြောဆို ကြလိမ့်မည်။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် လူ့အဖွဲ့အစည်းနှင့် လူ့အသိုင်းအဝိုင်းတိုင်းအတွက် သူတို့၏ပြုမူ ကျင့်ကြံဆောင်ရွက်မှုများကို (သူတို့၏လွတ်လပ်သောဆန္ဒများဖြင့် လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်ခွင့် ပေးထားတော်မူ၍ လူ့အသိုင်းအဝိုင်း အေးချမ်းသာယာအောင် အလှတန်ဆာဆင်စေတော်မူပြီးနောက် သူတို့အားလုံးကို သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်သို့ လှည့်ပြန် စေတော်မူလိမ့်မည်။ ထိုစဉ် သူတို့၏ပြုမူကျင့်ကြံမှုများနှင့်စပ်လျဉ်း၍ သူတို့အား သတင်းပေးခံရလိမ့်မည်။)