Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 109 — Surah Al-Anam 6:109

ထိုသူတို့သည် သူတို့ထံ အာယာသ်သက်သေလက္ခဏာ တစ်စုံတစ်ခုရောက်ရှိခဲ့လျှင် ယင်းကို အမှန်ပင် သက်ဝင်ယုံကြည်ကြလိမ့်မည်။” ဟု အလ္လာဟ်အရှင်မြတ်နှင့်တိုင်တည်၍ အလေးအနက်ဆုံးနှင့်အခိုင်မာဆုံး ကတိသစ္စာဖြင့် ကျိန်ဆိုခဲ့ကြသည်။ “အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ အာယာသ်သက်သေလက္ခဏာတော်များ ရှိသည်။” ဟု ဟောပြောလော့။ သက်သေလက္ခဏာများ သူတို့ထံ ရောက်လာသည့်အခါ သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်သည်ကို သင်တို့ သတိမမူ ကြလေသလော။