Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 111 — Surah Al-Anam 6:111
အကယ်၍ ငါအရှင်မြတ်သည် (သူတို့လိုလားတောင်းဆိုသည့်အတိုင်း) သူတို့ထံသို့ မလာအီ ကာစေတမန်များကို စေလွှတ်တော်မူပြီး ကွယ်လွန်သွားသူများကို ရှင်စေတော်မူ၍ သူတို့နှင့်စကားပြောစေတော်မူကာ အရာခပ်သိမ်းတိုကို သူတို့၏မျက်မှောက်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံရန် စုရုံးစေတော်မူသည့်တိုင် အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူများမှအပ အလျှင်း ယုံကြည်လိမ့်မည် မဟုတ်ပေ။ အမှန်မှာ သူတို့အနက်မှ အများစုသည် အသိပညာကင်းမဲ့ နေကြ၏။