Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 114 — Surah Al-Anam 6:114
(အို၊ ရစူလ်တမန်တော်၊ ထိုသူတို့အား) “ ကျွန်ုပ်သည် (သင်တို့နှင့်ကျွန်ုပ်ကြားတွင် ဖြစ်ပျက်နေသည့် အရေးကိစ္စများနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်မှအပ အခြား စီရင်ဆုံးဖြတ်ပေးမည့် တရားသူကြီးတစ်ဦးကို ရှာဖွေရမည်လော။” (ဟု မေးမြန်းလော့။) ထိုအရှင်မြတ်သည် သင်တို့ထံ (ဤ ပြီးပြည့်စုံသော အနှိုင်းမဲ့) ကျမ်းတော်ကို (အမှား၊ အမှန်ခွဲခြားသိမြင်နိုင်သော အသုံးအနှုန်းများနှင့်) အသေးစိတ်ရှင်းလင်းတင်ပြသည့် အနေအထားဖြင့် ချမှတ်ပေးအပ်တော်မူပြီး အရှင့်ထံတော်မှ ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် ထိုကျမ်း တော်မှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာဖြင့် (တိကျမှန်ကန်ပြတ်သားစွာ) ချမှတ်ပေးအပ်ခြင်းခံရသောကျမ်း မုချပင် ဖြစ်ကြောင်း သိကြ၏။ သို့ဖြစ်ပေရာ မည်သည့်အခါမျှ သံသယမကင်းဖြစ်လျှက် အငြင်းသန်သူများထဲတွင် အပါအဝင် မဖြစ်ကြလေနှင့်။