Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 115 — Surah Al-Anam 6:115
အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ ဗျာဒိတ်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) အား တိကျမှန်ကန်ပြတ်သားစွာနှင့်တရားမျှတစွာဖြင့် ပြီးပြည့်စုံစေတော်မူပြီဖြစ်၍ အရှင့်ဗျာဒိတ်တော်ကို ပြောင်းလဲနိုင်သူဟူ၍ အလျင်း မရှိချေ။ ထိုအရှင်မြတ်သည် (လူသားတို့၏မဟုတ်မှန်သော ဝါဒဖြန့်မှုအပါအဝင် အပြောအဆိုအားလုံးကို) အကြွင်းမဲ့ ကြားနေတော်မူသော အရှင်၊ အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။