Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 119 — Surah Al-Anam 6:119

အလ္လာဟ်အရှင်မြတ်၏ (စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ်က ခွင့်ပြုထားသော အရှင့်နာမတော် တသခြင်းခံရသည့်အရာများကို မစားသုံးရန် အဘယ်အကြောင်း ရှိသနည်း။ မည်သည့်အရာများက (သင်တို့အတွက် မသင့်တော်၍) သင်တို့အပေး တရားမဝင်သည့် တားမြစ်ခံရသော အရာများဖြစ်သည်ကို အသေးစိတ်ရှင်းပြ စေတော်မူပြီးဖြစ်၍ မလွှဲမရှောင်သာ အတင်းအဓမ္မစားသုံးစေသည့်အရာများမှအပ (ထိုတားမြစ်ထားသောအရာများကို မစားသုံးကြလေနှင့်။) ထို့ပြင် မုချဧကန်၊ များစွာသောသူတို့သည် သူတို့၏အလိုရမ္မက်များကြောင့် အသိတရားကင်းမဲ့ကြလျက် အမှန်ပင် လမ်းမှားသို့ ရောက်သွားကြလေ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်နေသူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်တော်မူသော အရှင်ပင်ဖြစ်၏။