Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 12 — Surah Al-Anam 6:12
“မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အတွင်း၌ရှိသော အရာဟူသမျှ၌ မည်သူက သဘာဝနိယာမတရားများဖြင့် ထိန်းချုပ်ထားတော်မူလျက် ပိုင်ဆိုင်ထားတော်မူသနည်း။” ဟု မေးမြန်းလော့။ အလ္လာဟ် အရှင်မြတ်သည် အရှင့်ဇာတိတော်ပေါ်၌ မေတ္တာကရုဏာသက်တော်မူရန်သာ စည်းဘောင်စီရင်ပြဋ္ဌာန်းတော်မူထား (သည့်အတွက် အရာခပ်သိမ်းတို့ကို အရှင့်စည်းမျဉ်းနိယာမတော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ဖြိုးစေတော်မူ) သောကြောင့် အရာခပ်သိမ်းတို့သည် အရှင့်စည်းမျဉ်းတော်နှင့်အညီ သုံးသင့်သော အရှင့်ပိုင်များ ဖြစ်သည်။"" ဟု ဟောလော့။ အရှင့်စည်းမျဉ်းနှင့်အညီ မသုံးစွဲဘဲ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲ နိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချလျက် မယုံကြည်ကြသူတို့သည် (လောကီဘဝတွင်သာ ဆုံးရှုံးမည်မဟုတ်ဘဲ နောင်တမလွန်ရှင်ပြန်ထမြောက်မည့်နေ့အထိ (ဆုံးရှုံးမှုကို အတူယူဆောင်သွားပြီး ပြစ်ဒဏ်ချခံရရန် ငါအရှင်မြတ်သည်) သင်တို့အားလုံးကို ထိုနေ့တွင် စုရုံးစေတော်မူလိမ့်မည်။