Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 121 — Surah Al-Anam 6:121

အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ယင်းတို့အပေါ်အရှင့်နာမတော်အား သတိရ တသခြင်း မခံရသော အစားအသောက်များကို စားသောက်ခြင်းမပြုကြလေနှင့်။ အကြောင်းမှာ ထိုသို့ စားသောက်ခြင်းသည် အရှင့်အမိန့်တော်ကို အာခံဖီဆန်ခြင်းပင်ဖြစ်ပြီး ဧကန်ပင်၊ စေတန်မကောင်းဆိုးဝါးတို့သည် သင်တို့နှင့်အချေ အတင်ပြောဆိုငြင်းခုံကြရန်သူတို့၏လူယုံမိတ်ဆွေအပေါင်းအသင်းတို့အား စေ့ဆော်လှုံ့ဆော်ကြ၏။ ထို့ပြင် အကယ်၍ သူတို့အား နာခံလိုက်နာလျှင် သင်တို့သည် အမှန်ပင် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ကြသူတို့မှ ဖြစ်ကြလိမ့်မည်။