Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 122 — Surah Al-Anam 6:122

(အတွေးအခေါ်အယူအဆဆိုင်ရာ) အမှောင်အထပ်ထပ်၌ရှိနေလျက် ယင်းအမှောင်ထုမှ ရုန်းထွက်နိုင်ခြင်း မရှိသောသူပမာ (နာမ်ရေးရာ) သေနေသောကြောင့် ငါအရှင်မြတ်သည် သူ့အတွက် (ကျမ်းတော်ကို) အလင်း ရောင်ဖြစ်စေတော်မူ၍ လူဘုံအလယ်တွင် ထိုအလင်းတော်အားဖြင့် သွားလာလှုပ်ရှားနိုင်အောင် ပြုလုပ်ပေးတော် မူပြီး သူ့ကိုရှင်သန်စေတော်မူသူနှင့်အမှောင်ထဲတွင် ဆက်လက်ရှိနေသူတို့နှင့်တူညီမည်လော။ ဤနည်း အတိုင်းပင် (အရှင့်အလင်းတော်မှ ကင်းဝေးနေသော) မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် သူတို့ ၏ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့ကို စွဲမက်စရာဖြစ်အောင် တင့်တယ်စေတော်မူ၏။