Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 128 — Surah Al-Anam 6:128
ထို (နောင်တမလွန်ဘဝ၏တရားစီရင်မည့်) နေ့တွင် ထိုအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူ၍ “အို၊ ဂျင်န်အပေါင်းတို့၊ လူသားတို့အနက်မှ များစွာသောသူတို့အား သင်တို့က အမှန်ပင် လမ်းမှားရောက်စေခဲ့ပြီ (ဟု မိန့်တော်မူမည်။) လူသားတို့အနက်မှ သူတို့၏လူယုံမိတ်ဆွေအရင်းအချာတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် ကျွန်ုပ်တို့သည် အချင်းချင်း အချို့ကိုအချို့ (ကိုယ် ကျိုးစီးပွားကိုသာ ဦးစားပေးလျက်) အကျိုးခံစားခဲ့ပြီးနောက် ကျွန်ုပ်တို့အတွက် အရှင်မြတ်သတ်မှတ်ပြဋ္ဌာန်းတော်မူသည့် သတ်မှတ်ကာလ ကျွန်ုပ်တို့ထံရောက်ခဲ့ပြီ။” ဟု ပြောဆိုကြမည်။ ထိုစဉ် အရှင်မြတ်က “အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ကင်းလွှတ်ခွင့်ပေးတော်မူသည့်သူများမှအပ သင်တို့အားလုံး၏နေရာဌာနဖြစ်သော ဤငရဲမီး၌ ကာလအကန့်အသတ်မဲ့နေထိုင်ကြရမည်။” ဟု မိန့်တော်မူမည်။ မုချဧကန်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် စီရင်ဆုံးဖြတ်မှုဆိုင်ရာ ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။