Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 130 — Surah Al-Anam 6:130

အို၊ ဂျင်န်နှင့်လူသားအသိုင်းအဝိုင်းအပေါင်းတို့၊ အသင်တို့ထဲမှဖြစ်သော ရစူလ်တမန်တော်များ သင်တို့ထံ ရောက်လာ၍ အသင်တို့အား ငါအရှင်မြတ်၏အာယာသ် သက်သေလက္ခဏာတော်များကို ပြောပြပြီး ဤ (တမလွန်တရားစီရင်မည့်) နေ့ကို ရင်ဆိုင်ကြုံရမည်ဖြစ်ကြောင်း သင်တို့အား သတိပေးခဲ့ပြီ မဟုတ်လော။ ထိုစဉ် သူတို့က “(ရစူလ်တမန်တော်များ၏သတင်းစကားများ ကျွန်ုပ်တို့ထံ ရောက်ခဲ့ကြောင်းကို) မျက်မြင်သက်သေ များပမာ) ကျွန်ုပ်တို့ သက်သေခံကြပါပြီ။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို ကျွန်ုပ်၏အလိုဆန္ဒအတိုင်းသာ အသုံးချကြ၏။” ဟု ဖြေဆိုကြလိမ့်မည်။ လောကီဘဝသက်တမ်း (၏ အပျော်အပါးများ) သည် သူတို့အား လှည့်စားခဲ့ပြီး သူတို့၏နဖ်စ်ကို သူတို့၏အလိုရမ္မက်အတွက်သာ အသုံးချခြင်းကြောင့် သူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များဖြစ်လာခဲ့ကြောင်းကို သူတို့ကိုယ်တိုင် သက်သေခံကြလိမ့်မည်။