Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 135 — Surah Al-Anam 6:135

ဟောပြောလော့။ “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် သင်တို့၏စွမ်းဆောင်ရည် အနေအထားနှင့်အခြေအနေပေါ်မူတည်၍သာ ပြုမူလုပ်ဆောင်ကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည်လည်း လက်တွေ့ကျကျ ပြုမူလုပ်ဆောင်သူတစ်ဦးသာ ဖြစ်၏။ မည်သူသည် သူ့အတွက် (တမလွန်ဘဝ၏သုခချမ်းသာကို ခံစားနိုင်မည့် ဗိမာန်ဖြစ်သော) နောက်ဆုံးပန်းတိုင်ကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ကြောင်းမကြာမီ သင်တို့သိကြလိမ့်မည်။ ဧကန်မုချ၊ အရှင့်စည်းမျဉ်းချိုးဖောက်၍ မမှန်မကန်ပြုမူကျင့်ကြံကြသူ (မည်သူမဆို) တို့သည် (ထိုတမလွန်ဘဝ၌) အောင်မြင်ကြမည် မဟုတ်ချေ။”