Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 136 — Surah Al-Anam 6:136

အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်ပေါက်ပွားစေတော်မူသော လယ်ယာထွက်ကုန်များနှင့် (ကျွဲ၊ နွား၊ ဆိတ်စသော တိရိစ္ဆာန်တို့အနက်မှ အရှင်မြတ်အတွက် ဝေစုတစ်ခုသတ်မှတ်ဖန်တီးကြလေ၏။ တစ်ဖန် (ထိုသူတို့သည်) သူတို့၏ထင်မြင်ယူဆချက်အတိုင်း “ဤသည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်၏။ ဤသည် အရှင်မြတ် နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ကြသည့် ကိုးကွယ်ရာများအတွက်ဖြစ်၏။” ဟု ပြောဆိုကြသည်။ အရှင်မြတ်မှလွဲ၍ အခြားသော ကိုးကွယ်ရာများအတွက် ရည်စူးထားသောအရာများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိ မည်မဟုတ်သော်လည်း အလ္လာဟ်အရှင်မြတ်အတွက်ဟု ရည်စူးထားသော (အရှင်မြတ်ချီးမြှင့်တော်မူထားသည့် အရာများ) ကိုမူ အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်သော ကိုးကွယ်ရာများထံ ဆည်းကပ်ကြ၏။ သူတို့ (ပူဇော် ဆည်းကပ်မှုဆိုင်ရာ အယူအဆများဖြင့် ထိုသို့) ဆုံးဖြတ်ဆောင်ရွက်ကြသမျှတို့သည် အလွန်ပင် ယုတ်ညံ့သော အကုသိုလ်ပင် ဖြစ်၏။