Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 137 — Surah Al-Anam 6:137

ထိုနည်းအတိုင်းပင်၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားအရာများကို ကိုးကွယ်ကြသူတို့အနက်မှ အများစုအတွက် (သူတို့၏အမြင်၌) သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အပေါ် သူတို့ကိုယ်တိုင် ရှုပ်ထွေးမှုများ ဖန်တီးကြရန်နှင့်သူတို့၏ဖျက်ဆီးရာ ဖျက်ဆီးကြောင်းကို သူတို့ကိုယ်တိုင်ပြုလုပ်ကြရန် (သူတို့၏မှားယွင်းသော ယုံကြည်မှုဖြင့်) (သူတို့၏ကိုးကွယ်ရာများကို ရည်စူး၍ သူတို့၏သားသမီးများကို စွန့်လှူသတ်ဖြတ်မှု) အား ကျေကျေနပ်နပ် ပြုလုပ်ရန် တင့်တယ်အောင် တန်ဆာဆင်ခဲ့ကြ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့က ထိုသို့ ပြုမူကျင့်ကြံကြမည် မဟုတ်ချေ။ (သူတို့၏အလိုဆန္ဒနှင့်အညီ) သူတို့အား လုပ်ကြံဖန်တီး၍ ယုံကြည်ကိုးကွယ်ဆည်းကပ်သမျှထဲတွင် (သူတို့ဆက်လက်နစ်မြုပ်လျက် ငရဲမီးထဲ ရောက်သည်အထိ) စွန့်ပစ်ထားလော့။