Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 138 — Surah Al-Anam 6:138

သူတို့ (၏ထင်မြင်ယူဆချက်အတိုင်း လယ်ယာထွက်ကုန်နှင့် ကျွဲနွားတိရိစ္ဆာန်တချို့ကို သီးခြားခွဲထား၍) ပြောဆိုခဲ့သည်မှာ ဤတိရိစ္ဆာန်များနှင့်လယ်ယာထွက်ကုန်များကို ကျွန်ုပ်တို့အလိုရှိသော သူများမှအပ အခြားမည် သူမျှ စားသုံးခွင့် မရှိကြောင်း၊ သူတို့က အခိုင်အမာကြွေးကြော်လိုသည်မှာ ကျွဲနွားတိရိစ္ဆာန်တို့၏ကျောကုန်းများကို (ဝန်ထုပ်ဝန်ပိုးများတင်ဆောင်ခြင်းမပြုရန်) တားမြစ်ထားကြောင်းနှင့် (ထိုကျွဲနွားတိရိစ္ဆာန်များအား လှီးဖြတ်ရာတွင်) အလ္လာဟ်အရှင်မြတ်၏နာမတော်အား သတိရ တသ၍ ဖွင့်ဟရန် မလိုကြောင်းစသော အရှင်မြတ်၏အမိန့်တော်နှင့်ဆန့်ကျင်၍ လုပ်ကြံလီဆယ်မှုများသာ ဖြစ်ကြ၏။ ထိုအရှင်မြတ်သည် မကြာမီ သူတို့လုပ်ကြံ လီဆယ်ကြသည်နှင့်အညီ (ပြစ်ဒဏ်များကို ပေးအပ်မှုအဖြစ် အစားပေးတော်မူလိမ့်မည်။)