Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 139 — Surah Al-Anam 6:139

ထို့ပြင် သူတို့က “ဤကျွဲနွားတိရိစ္ဆာန်တို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်နှင့်အရှင်မွေးမည့် သန္ဓေသား စသည့်) အရာများမှာ ကျွန်ုပ်တို့ယောက်ျားများအတွက် သီးသန့် (ခွင့်ပြုထားသောအရာ) ဖြစ်၍ကျွန်ုပ်တို့၏ ဇနီးကြင်ယာများအတွက် တားမြစ်ခြင်းခံရသော အရာများဖြစ်၏။ အကယ်၍ (ထိုတိရိစ္ဆာန်များမှ မွေးဖွားသောအရာသည် အသေဖြစ်နေလျှင် ယင်း၌ သူတို့အားလုံး (ယောက်ျားနှင့်ဇနီးကြင်ယာ) အတူတကွပင် (ခွဲဝေစားသုံးနိုင်မည်) ဖြစ်၏။” ဟု ပြောဆိုခဲ့ကြသည်။ ထိုသို့ သူတို့၏ထင်မြင်ယူဆချက် (ကို အရှင်မြတ်၏ညွှန်ကြားချက်ကဲ့သို့ သဘောထားခြင်း) အတွက် မကြာမီ အစားပေးတော်မူလိမ့်မည်။ မုချဧကန်၊ ထိုအရှင်မြတ်သည် (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။