Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 14 — Surah Al-Anam 6:14
“မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့၏မူလဘူတ၊ ဇာတိရင်းမြစ်များကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားလူသားတို့ စိတ်ကူးယဉ်ဖြင့် ကြံစည်ဖန်တီးထားသော ကိုးကွယ်ရာများကို) ကျွန်ုပ်၏ယုံကြည်စိတ်အချရဆုံး ကာကွယ်စောင့်ရှောက်သူအဖြစ် သဘောထား မှတ်ယူရမည်လော။ ထို အရှင်သည် (ကျွန်ုပ်တို့အတွက် စားနပ်ရိက္ခာရရှိနိုင်အောင် နေစကြဝဠာတစ်ခုလုံးနှင့်သစ်ပင်အပါအဝင် အခြား သက်ရှိသက်မဲ့တို့ကို လှုပ်ရှားစေတော်မူလျက် သက်ရှိအားလုံးကို) ကျွေးမွေးတော်မူပြီး (ပကတိ လိုအပ်ချက် ကင်းတော်မူသော အရှင်ဖြစ်သောကြောင့်) အကျွေးအမွေးခံခြင်းနှင့်မည်သို့မျှ မအပ်စပ်ပေ။” ဟု ဟောလော့။ ထို့ပြင်“ကျွန်ုပ်သည် ရှေ့ဆုံးမှနေ၍ အဦးဆုံး ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံသူဖြစ်ရန်နှင့်အခြားသော လူသားလုပ်ကိုးကွယ်ရာများကို အရှင်မြတ်၏တုဖက်ပြိုက်ဘက်အဖြစ် မပြုရန် အမှန်ပင် အမိန့်ပေးညွှန်ကြားခြင်းခံရသူသာ ဖြစ်ပါ၏။” ဟု ဟောလော့။