Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 140 — Surah Al-Anam 6:140
သူတို့၏သားသမီးများကို (မိခင်၏သားအိမ်၌ ရှိနေစဉ်လည်းကောင်း၊ မွေးဖွားပြီးနောက် အမှန်တရားသစ္စာနှင့်ကိုယ်ကျင့်တရားကောင်းများ မသွန်သင် မသင်ကြားပေး၍လည်းကောင်း) အသိပညာမဲ့ ဗဟုသုတမဲ့ စေလျက် သတ်ခဲ့ကြသူတို့နှင့်အလ္လာဟ်အရှင်မြတ်က စားနပ်ရိက္ခာနှင့်လိုအပ်ချက်များအဖြစ် ပေးအပ်တော်မူထားသော အရာများကို (တရားမဝင်သော အရာများကဲ့သို့) တားမြစ်ပိတ်ပင်၍ အလ္လာဟ်အရှင်မြတ် (က တားမြစ်ထားသည်။” ဟု အရှင်မြတ်) အပေါ် လုပ်ကြံလီဆယ်ခဲ့ကြသူတို့သည် မုချပင် ဆုံးရှုံးရသူများဖြစ်ကြပြီး သူတို့သည် အမှန်ပင် လမ်းမှားရောက်ခဲ့ကြပြီ။ ထို့ပြင် သူတို့သည် (မည်သည့်အခါမျှ) လမ်းညွှန်မှန်ကို ရှာတွေ့နိုင်စွမ်းရှိကြမည် မဟုတ်ပေ။