Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 141 — Surah Al-Anam 6:141

(အရှင်မြတ်သည် လူသားတို့အတွက် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော တရားဝင်အစား အသောက်နှင့်စားနပ်ရိက္ခာအလုံးစုံတို့ကို အစဉ် ချီးမြှင့်ပေးအပ်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော ဥယျာဉ်ခြံများ၌ နွယ်တက်သော အပင်များ၊ နွယ်မတက်သောအပင်များ၊ စွန်ပလွံပင်များနှင့်ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို ယင်းတို့၏အနံ့အရသာ ကိုယ်စီနှင့်လည်းကောင်း၊ ဖွဲ့စည်းမှုပုံသဏ္ဍာန်တူညီသော (အရောင်အသွေး အနံ့အရသာအားဖြင့်) ဖွဲ့စည်းမှုပုံ သဏ္ဍာန်မတူညီသော သံလွင်ပင်များနှင့်သလဲပင်များ (စသော သစ်သီးဝလံမျိုးစုံ) ကိုလည်းကောင်း ပေါက်ဖွား ဖြစ်ထွန်း စေတော်မူ၏။ (ရာသီဥတုနှင့်နေရာဒေသအလိုက်) သီးပွင့်ကြသည့် သစ်သီးဝလံများကို ယင်းတို့ သီးပွင့်သည့်အခါ စားသုံးကြလော့။ ယင်းတို့ကို ရိတ်သိမ်းမည့်နေ့ရက် အချိန်ကာလတွင် (ယင်းသစ်သီးဝလံများနှင့်သီးနှံများထဲမှ အရှင်မြတ်ပြဋ္ဌာန်းထားသော တာဝန်ကြေးကို ချို့တဲ့ဆင်းရဲသူတို့အား) မှန်ကန်စွာ ပေးကမ်းကြလော့။ (အလွန်အကျွံစားသုံးခြင်းဖြင့်လည်းကောင်း) တာဝန်မဲ့စွာ ပစ်ထားခြင်းဖြင့်လည်းကောင်း၊ မလိုလားအပ်သောအရာအတွက် အသုံးချခြင်းဖြင့်လည်း ယင်းတို့ကို) မဖြုန်းတီးကြလေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ် သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော် မမူချေ။