Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 142 — Surah Al-Anam 6:142
(ကျွဲနွားစသော ခြေလေးချောင်း) တိရိစ္ဆာန်များအနက်မှ တချို့ကို ဝန်တင်ရာတွင် အသုံးချရန်အတွက် လည်းကောင်း၊ တချို့ကို အသားစားရန်၊ သားရေနှင့်အမွှေးအမျှင်တို့ကို အသုံးအဆောင်ပြုလုပ်ရန်တို့အတွက် အသုံးချရန်လည်းကောင်း၊ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် ရိက္ခာနှင့်လိုအပ်ချက်အဖြစ် ပေးအပ်တော်မူသောအရာများကို စားသုံးကြလော့။ သို့သော် (အရှင်မြတ်၏လမ်းစဉ်တော်မှ လွဲချော်၍ အခြားသော လမ်းစဉ်များကို လိုက်နာခြင်းဖြင့်) စေတန်မကောင်းဆိုးဝါး၏ဖဝါးခြေထပ်အတိုင်း မလိုက်နာကြလေနှင့်။ မုချဧကန်၊ ယင်း (စေတန်မကောင်းဆိုးဝါး)သည် သင်တို့အတွက် (လမ်းမှားဖန်တီးပေးမည့်) ထင်ရှားသော ရန်သူပင်ဖြစ်၏။