Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 144 — Surah Al-Anam 6:144
ကုလားအုပ်များမှတစ်စုံ၊ နွားများမှတစ်စုံ (အို-ရစူလ်တမန်တော် သူတို့အား) “အရှင်မြတ်သည် အထီးနှစ် ကောင်ကို တရားမဝင်အဖြစ် တားမြစ်သလော။ သို့မဟုတ် အမနှစ်ကောင်ကို တားမြစ်သလော။ သို့တည်းမဟုတ် အမနှစ်ကောင်၏သားအိမ်များ၌ ပါဝင်နေသော သန္ဓေသားများကို တားမြစ်သလော။ သို့မဟုတ် အလ္လာဟ်အရှင်မြတ်က သင်တို့အား ဤအမိန့်ပညတ်ချက် ချမှတ်ခဲ့စဉ် သင်တို့သည် မျက်မြင်သက်သေများ ဖြစ်ကြလေသလော။” ဟု မေးမြန်းလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ် (မိန့်တော်မူခြင်းမရှိသည်ကို အရှင်မြတ်မိန့်တော်မူခဲ့သည်ဟု အရှင့်) အပေါ် လုပ်ကြံလီဆယ်စွပ်စွဲ၍ မုသားဖြင့် အသိတရားမရှိဘဲ လူသားအပေါင်းအား လမ်းမှားရောက်စေရန် ကြံစည်လျှင် ထိုသူထက် အရှင့်စည်းမျဉ်းကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုသူ မည်သူ ရှိအံ့နည်း။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြောဆိုပြုမူသော လူမျိုးအား လမ်းညွှန်တော် မမူချေ။