Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 145 — Surah Al-Anam 6:145
ဟောကြားလော့။ ကျွန်ုပ်အား ဝဟီအမိန့်တော်ဖြင့် ညွှန်ကြားတော်မူသည့်အရာများတွင် စားသုံးသူတို့ အတွက် တရားမဝင်အဖြစ် တားမြစ်ထားတော်မူသည့် အရာများမှာ အသေကောင်၊ သို့မဟုတ် စီးထွက်သော သွေး၊ သို့မဟုတ် ဝက်သားအကြောင်း ယင်းသည် အမှန်ပင် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် အရှင့်စည်းမျဉ်းဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ရည်စူးသောအရာများ (သမာအာဇီဝမဟုတ်သော အရာများ) မှလွဲ၍ (အခြားအရာများကို) မတွေ့ရပေ။ သို့သော် မည်သူမဆို အကျပ်အတည်းကြုံ၍ မက်မောလျက် အရသာ ခံစားလိုခြင်းနှင့်စည်းမျဉ်းကျူးလွန်ဖောက်ဖျက်လိုခြင်း မရှိဘဲ မလွှဲမရှောင်သာ (အသက် မသေရုံမျှသာ) စားသုံးခဲ့ပါမူ (ထိုသူအပေါ် အပြစ်မထိုက်ပေ။) အသင့် အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ လောကခပ်သိမ်းအပေါ် အလွန်ပင် ကရုဏာထားတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။