Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 146 — Surah Al-Anam 6:146
စင်စစ် ငါအရှင်မြတ်သည် ဂျူးတို့အပေါ်၌ ခြေသည်းလက်သည်းရှိသော တိရိစ္ဆာန်ဟူသမျှကို တရားမဝင် အဖြစ် တားမြစ်တော်မူခဲ့၏။ ထို့ပြင် နွားနှင့်ဆိတ်တို့မှ ကျောကုန်းနှင့်ကပ်နေသောအဆီ သို့မဟုတ် အူများတွင် ကပ်နေသောအဆီ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီ (ရိုးတွင်းခြင်ဆီ) များမှအပ အခြားသောအဆီများကို (တရားဝင် စားပိုင်ခွင့်မရှိသော အရာအဖြစ်) တားမြစ်တော်မူခဲ့သည်။ ထိုသို့ တားမြစ်ရခြင်းမှာ သူတို့၏ပုန်ကန်မှုအတွက် (အကျိုးဆက်အဖြစ်) ပေးဆပ်စေတော်မူခြင်းဖြစ်၏။ မုချဧကန်၊ ငါအရှင်မြတ်သည် (အမိန့်တော်နှင့်စီရင်ချက်အားလုံး၌) အဖြောင့်မတ် အမှန်ကန်ဆုံးသော အရှင်ဖြစ်တော်မူ၏။