Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 148 — Surah Al-Anam 6:148
အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က “အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်နိုင်ကြမည် မဟုတ်ပေ။ မည်သည့်တစ်စုံ တစ်ရာ ကိုမျှ တရားမဝင်ဟု တားမြစ်နိုင်ကြမည်မဟုတ်။” ဟု မကြာမီ ပြောဆိုကြလိမ့်မည်။ ထိုနည်းတူစွာပင် သူတို့အလျှင်ရှိခဲ့ကြသော ရှေ့သူတို့သည်လည်း အရှင်မြတ်၏ပြစ်ဒဏ် (ဆိုးကျိုးဆက်) ကို မြည်းစမ်းရသည်အထိ မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းဆိုခဲ့ကြ၏။” ဟု ဟောလော့။ “သင်တို့၌ ကျွန်ုပ်အား ထုတ်ဖော်တင်ပြနိုင်ရန် သိထားသည့်အရာ (မှ သင်တို့၏ကြွေးကြော်မှုကို အထောက်အကူပြုမည့် ခိုင်မာသော သက်သေအထောက် အထားတစ်စုံတစ်ရာ) ရှိသလော။ သင်တို့သည် ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးနေကြ၏။ ထို့ပြင် သင်တို့သည် (သင်တို့၏ထင်မြင်ယူဆချက်၊ စိတ်အလိုဆန္ဒ၊ စိတ်ဝင်စားမှုနှင့်ကိုယ်ကျိုးစီးပွားအတွက်သာ အဓိက ထား၍ မှားယွင်းသည့် ဆုံးဖြတ်ချက်များဖြင့်) မှန်းဆရမ်းဆပြောဆိုနေကြခြင်းသာ ဖြစ်၏။”