Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 150 — Surah Al-Anam 6:150
ဟောလော့။ အလ္လာဟ်အရှင်မြတ်က ဤအရာအား တရားမဝင်ဟု ပြဋ္ဌာန်းထားကြောင်းကို သက်သေခံနိုင်သော သင်တို့၏သက်သေများကို ခေါ်ခဲ့ကြလော့။ သို့သော် အကယ်၍ (မမှန်မကန်) သက်သေခံကြလျှင် သူတို့နှင့်အတူ သက်သေခံမဖြစ်ကြလေနှင့်။ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ် မတရားလိမ်လည်စွပ်စွဲ၍) ငြင်းဆန်သူများနှင့်နောင်တမလွန်ဘဝအား မယုံကြည်သူများ၏အလိုဆန္ဒများအတိုင်း မလိုက်နာကြလေနှင့်။ အကြောင်းမှာ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို (သူတို့ကိုကိုးကွယ်သော မှားယွင်းသည့်) အခြားသော ကိုးကွယ်ရာများနှင့်အတူ တန်း တူထား၍) တရားမျှတစေလိုကြ၏။